မျက်စေ့တစ်ဆုံး ကျယ်ပြောတဲ့ ပန်းခင်းကြီးထဲ
မျက်မွေးတစ်ဆုံးသာမြင်ရတဲ့ နေ့ရက်အချို့ရှိခဲ့တယ်
အကယ်၍ ကော်ဖီခွက်တွေသာ
စကားပြောတတ်ခဲ့မယ်ဆိုရင်–
ကျစ်လစ်သိပ်သည်းပြီး အရှိန်အဟုန်လည်းပြင်းတဲ့
ရစ်ခွေပတ်တက်လာတဲ့ ဒို့နှစ်ယောက်ကြားက အချစ်များ
သင်္ကေတတွေ အများကြီးနဲ့ဖူးပွင့်တဲ့ ပန်းဝါ၀ါတွေ
မချည်နှောင်မိခင် ဖယ်ရှားခံရတဲ့ အလှချည်ဖဲကြိုးတွေ
ပြီးတော့..
ပြန်ပြောပြလို့ အကျိုးမထူးတော့တဲ့
ပြောထွက်လုနီးပါးစကားတစ်ခွန်း
ခင်အောင်အေး
၁၅ မေ ၂၀၁၄ ဖရာ့ပရာဒင်န် ဘန်ကောက် ၂၁း၀၅ နာရီ