ငါ လဲလျောင်းလိုက်ရာ
ငါ့ ကိုယ်ထဲမှာပဲ လျောင်းမိ၊
ပိတ်မိနေတဲ့ အသက်ရှုကျပ်မှု–
နှစ်ပေါင်းများစွာ
သစ်ရွက်စိမ်းစိမ်းများ
လေညှင်းကလေးများ
ပွတ်တိုက်မှုများ
တိမ်တွေဖြတ်ကျော်တက်သွားတဲ့
တောင်တန်းပြာပြာများ
ချွေးကလေး တစိုစိုနဲ့
သက်ပြင်းတွေလဲ ပါတာပေါ့။ ။
ခင်အောင်အေး
၂၇ ဖေဖော်ဝါရီ ၂၀၁၄ ဖရာ့ပရာဒင်န် ဘန်ကောက် ၂၀း၃၁ နာရီ