အရိပ်တို့သည်
အတိတ်ထဲအထိ စီးရစ်ဝင်သွားခဲ့
နွေ မိုး ဆောင်းရဲ့သဏ္ဍာန်တွေ
ရောယှက်ပူးဝင်သွားပြီးတဲ့နောက်
ဖျော့တော့သော ဆေးရောင်ဖြင့်
တောင်တန်းများပေါ်ကနေ ပင်လယ်ဆီ
အလိုက်သင့် လျှောဆင်းသွားခဲ့တယ်
အငိုလွယ်ပေမယ့် အရှိုက်ခက်ရတယ်
လှိုင်းလုံးတွေ ကမ်းခြေကို တအုံးအုံးနဲ့။ ။
ခင်အောင်အေး
၂၉ ဇန္န၀ါရီ ၂၀၁၄ ဖရာ့ပရာဒင်န် ဘန်ကောက် ၂၂း၁၄ နာရီ
(သမီးရွှေမိုးမြူက ကဗျာရေးဖို့ ပူဆာလို့ ရေးပေးတဲ့ကဗျာ)