(ရက်စက်မိလေခြင်းလို့
မခံစားရမိဘူးမှလားဟင်)
အချစ်ဟာ
အသက်အရွယ်ရဲ့ထူထဲမှုကို
စိန်ခေါ်နေတယ်
ရုပ်သဘောအရ
ကျနေတဲ့ အင်ဂျင်သေးသေးလေးတစ်လုံးလို
ကိုယ့် နှလုံးသားဟာ
လတ်ဆတ်တဲ့ အချစ်ခံစားမှုတွေနဲ့
ဆွေ့ဆွေ့ခုန်လို့
မှားမိတာတွေရှိမယ်
(မင်းကို အရမ်းကာရောချစ်မိလို့)
ကံစွပ်ပြီး မှန်သွားတာတွေရှိမယ်
ဒါလဲ (မင်းကို အရမ်းကာရောချစ်မိလို့) ပဲ
အသည်းအသန်
ရုန်းကန်ရတာကတော့
ခါတိုင်းလို လာနေကျ
မက်ဆေ့ခ်ျတွေ ပျောက်နေ ကျဲနေတဲ့အခါမျိုးတွေပဲ
ကြာရင် ရင့်ကျက်လာမယ်ဆိုပေမယ့်
တကယ့်အချစ်ဆိုတာကတော့ ချစ်လေလေ မရင့်ကျက်လေလေပဲ
ဒါတော့ ယုံချင်မှ ယုံ
ကိုယ်ကတော့ ကိုယ်တွေ့။