အမှောင်ထဲမှာ အရောင်တွေကို စူးစိုက်ကြည့်မိတယ်
အစိမ်းရောင်ဟာ အနက်ရောင်ထဲက ရုန်းကြွ
အနီရောင်ဟာ အစိမ်းရောင်ထဲက လူးလွန့်တိုးထွက်လာ
မရမ်းရောင် ညနေခင်းဟာ သရုပ်သကန်ပီသလွန်းတဲ့
ပက်ပက်စက်စက် မကြည့်ရက်စရာ သမိုင်းဝင် အဖြစ်အပျက်တခု
တစ်ခုခုကို
တစ်ယောက်ယောက်က ပြန်ပြောပြဖို့ကြုံတိုင်း
ဘာကို ဘယ်သူက ဘယ်လို ဘယ်လောက် ဆိုတာ
ကြာနီတပွင့် ဖြူတပွင့် တဲနဲ့ပနာတင့် ဆိုတာ
ကဗျာဟာ လူတစ်ယောက်ကို ရူးမသွားအောင် ကုသပေးနိုင်တယ်ဆိုတာ
ဒီညတစ်ညထဲနဲ့
လောဘတကြီး ငါသင်ယူနေမိ။ ။
ခင်အောင်အေး
၁၃၊ စက်တင်ဘာ၊ ၂၀၁၁ ရုဒက်ဆိုင်မြို့ ဂျာမဏီ ၂၃း၅၈ နာရီ