တေးထားတဲ့ စကားတွေ
ပြန်ပြောခွင့်ရဖို့
ဆောင်းဆီပြန်သွားရမယ်
ခုနှစ်သက္ကရာဇ်နောက်ပြန်
ဒီဇင်ဘာဆီ
ပြီးခဲ့တဲ့နှစ်ဆီ
ဒီဇင်ဘာဟာ
တ၀က်တပြက် ၀င်ကစွတ်ကောင်
ချည်ထားတဲ့ ကြိုးတွေပြေထွက်အောင်
နှင်းတွေက ဝေ.. လို့
အင်းလျားကန်ပေါင်ဆီ
ပြေးမကြည့်ရဲခဲ့ဘူး
ခင်တန်းတောအုပ်ကို
ပြေးမကြည့်ရဲခဲ့ဘူး
ရေစပါယ်နှင်းငွေ့တန်းကို
ပြေးမကြည့်ရဲခဲ့ဘူး
ခုတော့
၂၀၁၄ ဖေဖော်ဝါရီ လကုန်လုနီးနီး
အေးစက်စက် အငွေ့အသက်တွေက
ငါ့ကို ပြီးခဲ့တဲ့ ဒီဇင်ဘာဆီ ဆောင့်ဆွဲခေါ်ယူခဲ့ချေပေါ့။ ။
ခင်အောင်အေး
၂၇ ဖေဖော်ဝါရီ ၂၀၁၄ ဖရာ့ပရာဒင်န် ဘန်ကောက် ၂၀း၅၀ နာရီ