photo credit to nyein aye eain
သေဆုံးခြင်းတွေဟာလဲ
လိပ်ပြာတွေနဲ့အတူရောနှောပျံသန်းလို့
အေးစက်နေတဲ့ ခုနှစ်သက္ကရာဇ်တွေရဲ့ကိုက်ခဲမှု
မည်းမှောင်လမ်းကျဉ်းကလေးထဲ မင်းရဲ့လက်တွေကို
ယောင်မှား လိုက်ရှာနေခဲ့တယ်။
သီးထ နေတဲ့ မရှောင်မလွှဲသာ ပြောရမယ့်စကားတွေ
ညာဖက်ခြေဖ၀ါးနဲ့မြေကြီးကို တရစပ်ပွတ်နေခဲ့တယ်
ဝေးကျန်ခဲ့ခြင်းဆီ မြန်မြန်ကြီး တိုးဝင်သွားလိုက်တဲ့အခါ
ဖြာကျလာတဲ့ မိန်းမောခြင်းတွေထဲ တိုးယိုပေါက်
အဆီးအတားမဲ့ အကာအကွယ်မဲ့ ချစ်ခြင်းမဲ့၊
ပခုံးပေါ်မှေးမှီလာမယ့် ပါးပြင်လေး
တချက်လှန်ကြည့်ပြီး ငုံ့စင်းသွားမယ့်မျက်လုံးအစုံ
အားပြတ်သူလို တကိုယ်လုံးပြိုကျလာမယ့်သူမ
ကျီးတွေ သောသောအုပ်အုပ်
ထ ပျံသွားကြ။ ။
ခင်အောင်အေး
၂၁ ဇန္န၀ါရီ ၂၀၁၄ ဖရာ့ပရာဒင်န် ဘန်ကောက် ၁၉း၃၈ နာရီ