အတွင်းသားထဲ
တိတ်တဆိတ်ငွေ့ရည်ဖွဲ့
သီဖွဲ့မှုများဟာ ရာသီ၎ ခုစလုံးကို
ကပြက်ကချော်ပြုတယ်
ပုံမှန်
(အဲ့ဒါ မရှိတော့တာကြာပြီ)
ငါ့ စာလုံးပေါင်းကော မှန်ရဲ့လား
ဆောင်းမှာ
ငါဟာ ကုတ်အင်္ကျီထူထူကြီးကိုဝတ်လို့
မီးပုံထဲ ချော်လဲတဲ့ ရာသီကတော့
(ဖြစ်တောင့်ဖြစ်ခဲ ဆိုသလို)
ဆိုးဝါးတဲ့ နွေခေါင်ခေါင်မှာပေါ့။ ။
ခင်အောင်အေး
၂၇ ဖေဖော်ဝါရီ ၂၀၁၄ ဖရာ့ပရာဒင်န် ဘန်ကောက် ၁၉း၁၆ နာရီ