မမြော်လင့်ပဲ
ဟောဒီ ဒွန္နယားကြီးထဲ
ခင်ဗျားတို့လိုပဲ မတော်တဆ လိမ့်ကျခဲ့
တောင်ထိပ်ပေါ်ကနေ တခုခု အော်လိုက်ဖို့
ပင်လယ်ကမ်းစပ်ကနေ တခုခု အော်လိုက်ဖို့
စိတ်ကြိုက် သစ်ခေါင်းထဲ တခုခု အော်လိုက်ဖို့
ငါ အော်ဆိုလို့ ကောင်းတဲ့ သီချင်းတွေ
အပြွတ်လိုက် သီးပွင့်ခဲ့ပြီးတဲ့ ငါလက်မြှောက်ထားရတဲ့ ကမ္ဘာကြီး
သင့်ကိုငါ မနာလိုစိတ်နဲ့ နာကျည်းရမှာလား
ချစ်ခင်နှစ်လိုစွာ ပွေ့ဖက်နမ်းရှုံ့ လိုက်ရမှာလား
ကြံရာမရစိတ်နဲ့
ငါ့ ငယ်ထိပ်ကို ငါ ပွတ်သပ်မိ။ ။
ခင်အောင်အေး
၁၃၊ စက်တင်ဘာ၊၂၀၁၁ ရုဒက်ဆိုင်မြို့ ဂျာမဏီ ၂၄း၃၇ နာရီ
Advertisements