နှင်းတွေနဲ့ ထုံကျဉ်အေးစက်နေတဲ့ ညထဲ
ပုရစ်သံလို စူးရှတဲ့ အဆက်မပြတ် ညရဲ့အသံ
ညည့်နက်နက်ထဲ အလင်းကို ဖူးမြော်ဖို့စိတ်စောနေတဲ့..
နဂါးငွေ့တန်းရဲ့ ဟိုးဖက် အဖျားဆုံးမှာ
တာရာကြယ်တွေလို့ ဟိုတုန်းက ငါတို့ ပြောလေ့ရှိတယ်
လက်လက် လက်လက်နဲ့ twinkle twinkle little star…
နံမယ်တွေ ဘယ်လိုပဲ မှည့်ခေါ်မှည့်ခေါ်
ကြယ်တွေရဲ့ ဖျားယောင်းမှုမှာ ဒူးထောက်ကျသွားတဲ့သူ တစ်ယောက်
ငါတွေ့ပြီ.. ငါတွေ့ပြီ.. သူ့ကို ငါတွေ့ပြီ
သူ ကြယ်စင်ပဲတဲ့။ ။
ခင်အောင်အေး
(ဂီတာနဲ့ကြယ်စင်၊ အိုင်းဒီး ကဗျာစာအုပ် ၂၀၁၂ ဖေဖော်ဝါရီ မှ)