Photograph by Raymond K. Gehman
အထပ်ထပ် ရစ်ပတ် နှောင်ငင် တွယ်တာခြင်းတွေ ပွင့်ဝေ
ရေခဲဦးထုပ်ဆောင်းထားတဲ့ ဟိုးပြာလွင်တောင်မြင့်ကြီးဆီအထိ
သွားခဲ့တဲ့ ခရီးမိုင်တွေရဲ့ ငုံ့ကိုင်း တိုးလျှိုး ခယ ခြုံနွယ်ပိတ်ပေါင်း
သတိရခြင်း ခြေဖနောင့်ရဲ့ စူးအောင့်နာကျင်ရမှု အဖူးအညွန့်
မင့်ကိုယ်ငွေ့လေးကို မင်းထွက်ခွာ မသွားခင်ကလေးတင်မှာ..
ပန်းဆိုးတန်းလမ်းဟာ ထိုးထိုးထောင်ထောင် ပြိုးပြိုးပြက်ပြက်
ရန်ကုန်မြစ်ထဲ ပင်လယ်ကူးသင်္ဘောတွေ ၀င်ထွက်၊ သွားလာ
နေကြတာ စထရင်းန် ဟိုတယ်ပေါ်ကနေ လှမ်းမြင်ရတယ်
ဒါပေမယ့် လေယာဉ်ပျံတွေကို မမြင်ရဘူး။ ပို့စကတ်ဒ် တစ်ခုပေါ်က
ပန်းဝါ၀ါတွေဟာ ဂျပန်အာ့တစ်စ် တစ်ယောက်ရဲ့ပန်းချီလက်ရာမျှသာ
တကယ်လို့ ဒါတွေဟာ ချယ်ရီပန်း(တကယ့်ကို ချယ်ရီပန်း)စစ်စစ်တွေ
ဖြစ်ခဲ့မယ်ဆိုရင် လာမယ့် ဟာနမိ ပန်းကြည့်ပွဲမှာ မလွဲမသွေ ခက်ခဲတဲ့
အသက်ရှူမှုပွင့်ဝေပုံ အထပ်ထပ်ကို ကံအားလျော်စွာ မြင်ရလိမ့်။ ။
ခင်အောင်အေး
၂၄ မတ်ခ်ျ ၂၀၁၄ ဗဟိုရ်လမ်း၊ ကျောက်မြောင်း ၇း၅၅ နာရီ