အရေးကြောင်းတွေ လက္ခဏာတွေနဲ့
ထုံထိုင်းထိုင်းစာအုပ် တစ်အုပ်ရဲ့ စာမျက်နှာ ၁၁
ပြီးတော့ အချစ်ရဲ့ အဖျားရှူးမှုကို မြစ်ဆီ
ဆွဲငင်ဆောင်ယူသွားခဲ့တယ် ထင်းရှူးည
လ ဟာ အစွမ်းကုန်သာနေဆဲ
လေနဲ့ဖောင်းအိသွားတဲ့
ကန့်လန့်ကာရဲ့စိတ်လှုပ်ရှားမှု
ရှင်းသန့်ရှင်သန်နေတဲ့ ပြက်လုံးလို
မျှော်လင့်ချက်ဟာ လေးအီအိတွဲကျနေခဲ့တယ်
စားပွဲစွန်းပေါ်က မသိကိန်းကိတ်မုန့်ဟာ
သံယောဇဉ်ကို ခေါင်းခါငြင်းနေတဲ့အခိုက်
အငွေ့တစ်ထောင်းထောင်း (သေချာကျနစွာ နှပ်ထားတဲ့)
ကော်ဖီဟာ ခေါင်းထောင်မတ်လျက်။ ။
ခင်အောင်အေး
၁၁၊ ဧပြီ၊ ၂၀၁၄ ဗဟိုရ်လမ်း၊ ကျောက်မြောင်း ၂၃း၄၇ နာရီ
Photo Credit to Blogger Thet Wai