အဲ့လိုကြီးတော့ ဘယ်ဟုတ်ပါ့မလဲ
ဘယ်ဟုတ်ပါ့မလဲဆိုတာက အတိအကျတော့ ဘယ်ဟုတ်ပါ့မလဲပေါ့လေ
မနက်စောစော ပဲပြုတ် အော်သံဟာ နှစ်ပေါက်နေပြီဖြစ်ပေမယ့် သစ်လွင်နေသလို
ကိုယ့်အချစ်တွေ သစ်လွင်နေပါတယ် လတ်ဆတ်နေပါတယ် မြူးပျော်နေပါတယ်
ကိုယ့်နှုတ်ခမ်းပေါ်က အမွှေးအမြှင်တွေလိုပဲ အဖြူရောင်တွေ ရောဖောက်ပြီး ပျော်ရွှင်မှု
မင်းရဲ့ ခိခိ ဟာ မင်းရဲ့လက်၊ မင်းရဲ့လက်ဟာ မင်းရဲ့ ပေါ့ပါးမှု၊ မင်းရဲ့လက်တစ်ဖက်ကို
ငါ့ ကိုယ်ပေါ်တင်ပြီး ညဟာ အရှည်ကြီးပဲ ငါ့ကိုယ်ငါ ပိညပ်နေမှုဟာ မင်းရဲ့ စိတ်အာသာဖြေမှု အခြားပိုနက်ရှိုင်းတဲ့ အဓိပ္ပါယ်လည်း ရှိကောင်းရှိလိမ့်မယ် စိမ်းကားခြင်းထဲကို ဘယ်လိုထပ်ဖြည့်စရာ ပန်းမျိုးစိတ်မျှမရှိခဲ့ သို့မဟုတ် ရှာဖွေ၍မတွေ့ရှိခဲ့၊ မင်းရဲ့လက်ဟာ မင်းရဲ့ ပေါ့ပါးမှု အရိပ်နဲ့ အယောင် ကိုယ်ကိုယ်တိုင် အားပါးတရ ကျရောက် မြွေဖမ်းမှုနဲ့ မူးမူးမင်မင်ဖြစ်ခြင်းရဲ့ လောင်စာ
ဝေးကွာခြင်းမှာ ဒဏ်ရာ အနာတရတွေနဲ့ ဝေးကွာခြင်းမှာ ဖြေလို့မပြေတဲ့ စွဲလန်းတပ်မက်ခြင်းတွေနဲ့ ကိုယ့်ရဲ့အိပ်မက်လို့ ဆိုရင် မင်းရဲ့ နေ့ထဲ မပျော်မရွှင်တိုးဝင်ရမှု မင်းရဲ့ it’s a piece of cake ဆိုရင် ကိုယ့်ရဲ့ ကမူးရှူးထိုး သွေးပျက်ရမှု ကားကို မောင်းသွားရင်းနဲ့ နားကြပ်ထဲ အသံများ ပထမ ချိုနေပြီး
အဲ့ဒီနောက် မလိုတမာဖြစ်တဲ့အခါ ခါးသွားတဲ့ ထူးခြားတဲ့ ချစ်ခြင်းမေတ္တာရဲ့ ဆန်းကျယ်တဲ့ ပုံပန်းသဏ္ဍာန် မပျော် ၆ လ၊ ပျော် ၆ လ ဆိုတဲ့ ဆိုရိုးစကားတောင် ပျက်ပြယ်လုအောင် တိုတောင်းတဲ့ အချိန်ကာလထဲ မင်းရဲ့ Smart ကျမှုဟာ င့ါရဲ့ညွတ်ကွေးခြင်းအဖြစ်နဲ့ နှလုံးသွေးကို တစ်ဒိတ်ဒိတ် တိုးခုန်စေခဲ့တယ်
ဝေးကွာခြင်းမှာ ဒဏ်ရာ အနာတရတွေနဲ့ ဝေးကွာခြင်းမှာ ဖြေလို့မပြေတဲ့ စွဲလန်းတပ်မက်ခြင်းတွေနဲ့ ။ ။
ခင်အောင်အေး
၇ ဧပြီ ၂၀၁၄ ဗဟိုရ်လမ်း၊ ကျောက်မြောင်း ၂၂း၅၃ နာရီ
Picture credit to Blogger Thet Wai