အ၀ီစိ ငရဲမှာ
အတိုင်းအဆမဲ့ နှိပ်စက်ခံရသူလို
ငါ အော်တယ်
အသားပေါ်ကာနီး
မှိန်းနဲ့အရွယ်ခံရတဲ့
ဝက်တစ်ကောင်လို ငါ အော်တယ်
‘၁ မိနစ်ထဲပါ
၁ မိနစ်ထဲပါ’
‘ကိုယ့်ကို ဖုံးခေါ်ပါကွာ
၁ မိနစ်ထဲပါကွာ’
‘ကိုယ့်ကို ဖုံးခေါ်ပါကွာ
၁ မိနစ်ထဲပါ’
အသံပျောက်သွားတဲ့အထိ
ငါ အော်ခဲ့တယ်
အ၀ီစိငရဲက…
ဝက်တစ်ကောင်လို….
ငါ အော်ခဲ့တယ်
အသံပျောက်သွား..ပြီးနောက်
တခဲနက် အမှောင်ထု။ ။
ခင်အောင်အေး
၅ ဧပြီ ၂၀၁၄ ဗဟိုရ်လမ်း၊ ကျောက်မြောင်း ၂၂း၃၄ နာရီ