ငါ့ကို စိတ်ပိုင်းဆိုင်ရာညှင်းပန်းနှိပ်စက်ဖို့
ရည်ရွယ်ချက်ရှိရှိနဲ့ ပွင့်လာခဲ့တာလား ပန်းကလေးရေ..
မဖူးပွင့်မီကတည်းက ငါ့ ရှိုးတိုးရှန်းတမ်းဖြစ်ရမှုကို
မင့် ပွင့်အာလုဆဲ အဲဒီ မနက်ခင်းထဲ လောင်းထည့်ခဲ့တယ်
အလှဆုံးပန်းတစ်ပွင့်အဖြစ် ဟောဒီလောကကြီးတစ်နေရာမှာ
ဘယ်သူ တစ်ဦးတစ်ယောက်မှမသိပဲ မင်း ပျော်ရွှင်ကြည်နူးစွာ ဖူးပွင့်ခဲ့တာ
သေနေတဲ့ ချောင်းထဲ ငါ ခေါင်းငိုက်စိုက်ကျ ထိုးဆင်းသွားတယ်
မင်းရဲ့အလှသွေးအကြွယ်ဝဆုံးချိန်ပုံရိပ်များ ‘မျက်နှာစာအုပ်’ ပေါ်မှာ တံခွန်ထူလို့။ ။
ခင်အောင်အေး
၂၇ မတ်ခ်ျ ၂၀၁၄ ဗဟိုရ်လမ်း၊ ကျောက်မြောင်း ၂၀း၁၇ နာရီ