ရှက်ခမန်းလိလိ ၁၅ မိနစ်
စကားတွေဟာ အမြှုပ်တွေလိုပဲ
အဲဒီ အချိန် အခိုက်၊ အကန့်လေးကို
ဖြစ်နိုင်ရင် လှီးထုတ်ပစ်လိုက်ချင်မိတယ်
မွေးညှင်းတစ်ချောင်းချင်းစီအပေါ်မှာ
နာကျည်းမှုဟာ ဝေပုံကျစေးကပ်သွားတယ်
ပြန်ပြောပြစရာဘယ်လိုမှမကောင်းတဲ့ [ပုံဝတ္ထု]
‘ရှင့်မှာ ဘာအထင်ကြီးစရာကျန်သေးလို့လဲ’
စာသားများ၊ အသံထွက်များ၊ လေယူလေသိမ်း
ယိုင်ထွက်သွားသော ယူကလစ်ပင်မှ အဖေးဖတ်
ခုနှစ်တွေထဲ ၀မ်းလျားထိုးပေးခဲ့ရတဲ့ ချစ်မြတ်နိုးခြင်း
စားပွဲထိုးက ညစ်ပေနေတဲ့အ၀တ်နဲ့သုတ်ချသွားသလို
မှောက်မှောက်အမှားမှား ခြေလှမ်းတွေရှပ်တိုက်မြည်ခဲ့
တင်န်းပနီးစ်ကို နောက်ထပ်တစ်ခါရောက်ဖို့ဆိုတာက
အကာသယာဉ်နဲ့လပေါ်လိုက်ဖို့လောက်အထိဝေးသွား
ခဲ့ပါပြီ ဘာပဲဖြစ်ဖြစ် အားလုံးကို ကျေးဇူးတင်ကျေနပ်မိ။ ။
ခင်အောင်အေး
၁၁ ဇန္န၀ါရီ ၂၀၁၄ ဖရာ့ပရာဒင်န် ဘန်ကောက် ၈း၂၄ နာရီ