စံနစ်တကျ ကိုက်ညှိထားတဲ့ မြက်ခင်းစိမ်းစိမ်းထဲ
အ၀ါရောင် အရိုင်းပန်းကလေးတစ်ပွင့် တိုးထွက်လာ
စံနစ်တကျ ကိုက်ညှိထားတဲ့ မြက်ခင်းစိမ်းစိမ်းထဲ
အ၀ါရောင် အရိုင်းပန်းကလေးတစ်ပွင့် တိုးရွေ့ထိုးထွက်လာ
စံနစ်တကျ ကိုက်ညှိထားတဲ့ မြက်ခင်းစိမ်းစိမ်းထဲ
အ၀ါရောင် အရိုင်းပန်းကလေးတစ်ပွင့် တိုးမြင့်ထိုးထွက်လာ
စံနစ်တကျ ကိုက်ညှိထားတဲ့ မြက်ခင်းစိမ်းစိမ်းထဲ
အ၀ါရောင် အရိုင်းပန်းကလေးရဲ့ ကိုက်ဖြတ်ခံထားရမှုအပိုင်းအစများ
စံနစ်တကျ ကိုက်ညှိထားတဲ့ မြက်ခင်းစိမ်းစိမ်းထဲ
စံနစ်တကျ ကိုက်ညှိထားတဲ့ မြက်ခင်းစိမ်းစိမ်းထဲ
စံနစ်တကျ ကိုက်ညှိထားတဲ့ မြက်ခင်းစိမ်းစိမ်းထဲ
ခင်အောင်အေး
၂၄ မတ်ခ်ျ ၂၀၁၄ ဗဟိုရ်လမ်း၊ ကျောက်မြောင်း ၂၁း၄၁ နာရီ