မတွေ့တာကြာပြီနော်
အမြဲသတိရလျက်ပါ
ကြင်နာမှုတွေဟာ
မိုးရာသီသစ်ပင်ပေါ်က စိမ်းရွက်မှောင်တွေလိုပဲ
ရက်တိုတိုကလေးနဲ့ ဝေဆာဖားလျားနိုင်လွန်းတယ်
ဖော်ပြရခက်တဲ့ အဓိပ္ပါယ်တွေရဲ့
မှားမှု၊ မှန်မှု ၂ဖက်လွန်ဆွဲပွဲမှာ
ကိုယ်တို့ အဖြေမထုတ်ပဲနေကြစို့
ပစ္စုပ္ပန်တည့်တည့်လေးပေါ်မှာပဲ
ခဏလောက် မှေးခွင့်ရပါရစေ
နောက်ဘ၀တွေကျမှ ဆက်ဖွဲ့နွဲ့ကြရအောင် ။ ။
ခင်အောင်အေး
၃၁ ဇန္န၀ါရီ ၂၀၁၄ ဖရာ့ပရာဒင်န် ဘန်ကောက် ၂၂း၅၄ နာရီ