သြကာသလောကထဲ
သူ့နေရာနဲ့သူ အစုံအလင်
သက်ရှိ သက်မဲ့တွေ အခြေတကျ
သူ့ဘ၀နဲ့သူ သူ့ဖြစ်တည်မှုနဲ့သူ
အသားတကျဖြစ်မှုဟာ မငြင်းနိုင်
နေလုံးကြီးမြောက်တက်လာတာ
မြစ်မှာ တစ်နေ့၂ခါ ရေတက်ရေကျ
လမင်းကြီးက ပြည့်လိုက် ခြမ်းသွားလိုက်
စိတ်မျှင်သွားလိုက်နဲ့ သစ်တောတွေမှာ
အရွက်တွေခါချလိုက် ပြန်ခြုံလိုက်နဲ့–
ငှက်အုပ်တွေလည်း ဖြတ်ပျံသွားရော
ငါ့မှာ အလွမ်းချည့်သက်သက်။ ။
ခင်အောင်အေး
၁ ဖေဖော်ဝါရီ ၂၀၁၄ ဖရာ့ပရာဒင် ဘန်ကောက် ၉း၀၉ နာရီ