လရောင်ကြောင့်
အလင်းတွေ လန်းဖြာရွှဲစိုနေတဲ့အပိုင်းတွေကို
သာယာစိတ်နဲ့ငေးမိတာကလွဲလို့ ဘာမှမပိုဘူး
အလင်းကြောင့် ပိုမှောင်ရတဲ့ အမှောင်ဖက်ခြမ်းထဲ
အမှောင်ရဲ့ဖိအားကြောင့် ပိုမှောင်ရတဲ့အမှောင်ထဲမှာ
အလင်းစက်ကလေး တစ်ခုကို ငါမြင်မိ၊ ငါ ရိုသေမိ။ ။
ခင်အောင်အေး
၁၀ မတ်ခ်ျ ၂၀၁၄ ၂၂း၄၄ နာရီ