မင်းမပေါ်လာမချင်း
ငုတ်တုတ်ထိုင်မယ်လို့
ကျောက်ရုပ်ထုံး နှလုံးမူမိတယ်
ညဟာချောမွေ့စွာနက်ရှိုင်းလာ
လျှပ်စစ်မီးတွေ ထွန်းထားလျက်က
မှောင်ရိပ်ဟာ ခပ်နှေးနှေးစိမ့်ဝင်လာ
နားနားကပ်ပြီး တ၀ီဝီအတောင်ပံလှုပ်
ခတ်သံနဲ့အတူ နတ်သူငယ်မလေး
တိုးတိုးကပ်ပြောတယ် ‘ဒီမှာ..ရှင့်..’
နောက်ထပ်ပြောစကားတွေ မကြားရ
တော့ဘူး ဆိုင်ကယ်တစ်စီး ပေါက်ကွဲ
အိတ်ဇောသံနဲ့ဖြတ်မောင်းသွား မပိတ်
ရသေးတဲ့ တီဗွီကို ပိတ်ကာ အိပ်ယာထဲ
ခြောက်ခြောက်သွေ့သွေ့နဲ့လဲကျသွား။ ။
ခင်အောင်အေး
၈ ဇန္န၀ါရီ ၂၀၁၄ ဖရာ့ပရာဒင်န် ဘန်ကောက် ၀၀း၁၇ နာရီ