ဆန်းကျယ်တဲ့ ကောင်းကင်ဟာ
အတိတ်နိမိတ်စိမ်းတွေ ရွာချတယ်
နံမယ်လေးလုံးနဲ့မိန်းမရဲ့ဖြန့်ချထားတဲ့ဆံပင်တွေ
ပြီးတော့ အနားတွန့်ဇာတွေနဲ့ကွတ်ထားတဲ့စိုးရိမ်စိတ်
အဖြစ်အပျက်တွေဟာ ဖွေးဖွေးဥဥ ကျောက်စရစ်ခဲလုံးများ
ခလုတ်များအပေါ် အဓိပ္ပါယ်ဖော်မှု လက်အလေ့အကျင့်
အဆုံးစွန်သော မသိနားမလည်မှု လူပါးဝခြင်းအတတ်ပညာ
ရောက်ရာအရပ်မှာ ပန်းပန်ပါ ခြံစည်းရိုးတိုင်းမှာ ခေါစာပစ်ပါ
နားမလည်သောစာလုံးများအတွက် သက်မ,ချပါ
ကျွန်တော်တို့ သင်္ဘောဟာ ‘သျှိုစောက်သုံးခု’ဆည်နားမှာ
ကြယ်များသည်တရွေ့ရွေ့၊ ထို့အပြင် ပုန်းအောင်းမှုသည်
ကျွန်မကို ရက်ရက်စက်စက်။ ။
ခင်အောင်အေး
၂၂ ဒီဇင်ဘာ ၂၀၁၃ ချော်ချူးဂန် စင်္ကာပူ ၀၁း၀၇ နာရီ