သံတူကြောင်းကွဲ မှန်အိမ်မီးကို ဖွင့်လို့မို့
အလင်းဟာ ဘယ်ဖက်ကို ယိမ်းရမယ်မသိသလို
ငြိမ့်ငြိမ့် လှုပ်လှုပ်နဲ့
‘မေ့သွားပြီးပြီ’
အဲ့ဒီ တံဆိပ်နဲ့မုန့်
ပြုံးပြလိုက်တဲ့အထဲမှာ
အကုန်လုံး ပါသွားပါပြီဗျာ
အလွန်သဘောကောင်းသည့်ဆရာဝန်နှင့်ကြုံကြိုက်နေသည်
များစွာနောင်တရခြင်းနှင့်ဖိမိနေသည်
“ဗတ်စကာရယ်.. ရှင့်အလှည့်လည်း ၀ဋ်လည်ပေအုန်းမပေါ့”
“ကိုရင့် ပါးမုန်းမွေးတွေ ရှည်လှပါပြီ”
မျက်စေ့ကလေး ပေကလပ် ပေကလပ်နဲ့
သူ၏ဇနီးမှာ ချိယန်ကူအို သခင်မဖြစ်သည်
မြေနှင့်စပ်သမျှအရာတို့ကို ဂရုဓမ္မပြုသည်
ထိုမှ အသာလေး လှည့်ထွက်ခဲ့ပြီး
ဦးဝိစာရအ၀ိုင်းမှ ကွေ့ပတ်ကာ
‘၀မ်းသာပါတယ်..’
‘တွေ့ရတာ အများကြီး ၀မ်းသာပါတယ်..’
လက်ဆွဲနှုတ်ဆက်ခြင်းများ ပွအူသွားတော့တယ် ။ ။
ခင်အောင်အေး
၆ ဒီဇင်ဘာ ၂၀၁၃ ၀ါဝါ၀င်းကွက်၊ရန်ကင်း ၂၂း၃၃ နာရီ