ရွမ်းမှည့်နေတဲ့ သတိလက်လွတ်ညများ
ကော်ဖီခါးခါးမှ မကယ်နိုင်တဲ့ နာရီသံချက်ချက်
အဝေးကနေ သတ္တုကိုဖြတ်လာတဲ့ ခပ်သဲ့သဲ့ရယ်သံထဲ
ဆယ့်နှစ်လ ရာသီစလုံး ပုန်းခိုကပ်ပါလာခဲ့တယ်
ရေစီးညင်သာတဲ့ မြစ်ရယ်၊ အိတွဲကျနေတဲ့အဲ့ဒီညနေခင်းရယ်
ရွှေရောင်ရိုးရိပ် ဒေါက်မြင့်ဖိနပ်တစ်စုံရယ်..။ ။
ခင်အောင်အေး
၉ နိုဝင်ဘာ ၂၀၁၃ သမိန်ဗရမ်းလမ်း တာမွေ ၁၂း၅၄ နာရီ
* ၂၀၁၂ နိုဝင်ဘာ-ဒီဇင်ဘာ လန်ဒန် ညများသို