ဖုံးထပ်ဆက်တော့ နေသိပ်မကောင်းလို့ အဆောက်အဦရဲ့အရေခွံ၊ အရေပြား
တံခါးပေါက်ပန်းဝတ်မှုံတွေချည့် ချော်ရည်တွေလို ဖိတ်စင်ကျလာ “စိတ်ပါလက်ပါ ဆိုင်းငံ့”
အချစ်ရေ..ကိုယ့်ဆီ လာမလည်ပါနဲ့၊ သင့်မှာတော့ သွားတုတစ်စုံသာ ကျိုးပဲ့ ဆိုတာရယ်
အခြားတစ်ဖက်မှာ ပုံသေနည်းနဲ့ ရေးထားတာကို ကြားသိ မြင်မိလိုက်ရတဲ့ သတင်း
ဘယ်မှာမဆို မြင်နိုင်တဲ့ ဟချိမက (ခါးစည်း နံငယ်ပိုင်း) ကို ကြည့်ပါ၊ စစ်ဖက်ကို အရပ်သား
ဖက်က ထိန်းနိုင်ဘို့လူ့သွေးဟာ သမုဒ္ဒရာမှာရှိတဲ့ သတ္တု-ဆား နဲ့အချိုးတူ ဂျပန်နိုင်ငံက
Nagoya မြို့နာမည်(နံမယ်ဟု အသံထွက်ဖတ်ရန်) နာကျင်မှုနဲ့ သာယာမှုရဲ့ တစ်ခုတည်းသော
မြစ်ဖျားခံရာဂိတ်ဝမှာ တစ်နေ့တာ အရက်ချက်စက်ရုံမှာ တစ်နေ့တာ နတ်ကွန်းပွဲတော်မှာ
တစ်နေ့တာ အဲဒါ လုပ်ပြီးရင် ဘယ်သူ ဘယ်ဝါ နှစ်ဦးဟာ လင်မယားဖြစ်ပြီ တချို့အငှားသုံး
(မွေးစား စကားလုံး) ငါ့ Physco ဟာ ဂဟေဆော်တဲ့ အလုပ်နဲ့ အသက်မွေးဝမ်းကြောင်းသူ
တစ်ယောက် အရက်ဝယ်တဲ့အကြောင်း လမ်းဘေးမှာ ဘိနပ်ပေါလစ်တိုက်တဲ့အကြောင်း
ကဗျာဟာ “အတွေ့အကြုံရဲ့အတွေ့အကြုံ” စက်ချုပ်ထည် ရက်လုပ်ခြင်းဖြစ်စဉ် Problem
ဆိုတဲ့ ရင်းမြစ် မင်း အောင်မြင်မှာပါဒါဟာ စိတ်ရဲ့ဆုံးဖြတ်ချက်ပဲကွ ကင်းပတ်စပေါ်တွင် မီးသွေး၊
ဆီဆေး၊ ဂုံနီအိတ်အစများ မသေပါ စာအုပ်တစ်အုပ်တောင် ရေးလိုက်သေး ယောက်ျားက ဘယ်သိ
နိုင်မလဲ ဘာပဲဖြစ်ဖြစ် ကျွန်တော့် အစီအစဉ်ကတော့ ဒါပါပဲ အဲလက်ဇန်းဒါး ညစာစားပြီး အိပ်တဲ့
ရဲတိုက်မြို့ မိခင်နို့ရည် ကုန်ခမ်း တွဲစောင့်ဟာ တံခါးကို ဆောင့်ဆွဲဖွင့်လိုက်တယ် ငါ့မြေးကို ဟားဗတ်
အီကောနိုးမစ်စကူး ပို့ချေ လို့ အမိန့်ချတယ် ဘာ အရသာမှ မရှိဘူး ငှက်တွေဟာ မပျံပဲ လမ်းပေါ်မှာ
ဆင်းလျှောက်ကြ စာဖတ်သူမိတ်ဆွေ.. သတိ ! ငါ့ Physco ဟာ
ငါ့ကို ကေအက်ဖ်စီဆိုင်မှာ တွေ့မယ်ဆိုပြီး။ ။
ခင်အောင်အေး
၁၄၊ မတ်ခ်ျ၊ ၂၀၁၃ ဖရာ့ပရာဒင်န်၊ ဘန်ကောက် ၂၄း၀၈ နာရီ