ဂီတသံတွေဟာရွှေရောင်တွေ
ငါ ခေါင်းငိုက်စိုက်ကျသွားတယ်၊
နောက်ခံအပြာရောင်ထူပြိန်းထဲ
ကြယ်လိုအပေါက်တွေကတဆင့်
ချောင်းကြည့်ရက်စရာမရှိတဲ့
စင်းစင်းသေ ငါ့အချစ်များ၊
တေးသီရင်းမျက်ရည်နဲ့ အီလာတဲ့
မျက်ဝန်းအစုံမှာ နက်မှောင် သင်္ကေတတွေ
ညိကပ်ပေရေနေတာ မြင်မကောင်းဘူး၊
‘ဘာဖြစ်နေတာလဲဟင်..’ ဟုတ်စ –
မင်းမို့ မေးရက်ပလေတယ်ကွယ်..။ ။
ခင်အောင်အေး
၎၊ ဇွန်၊ ၂၀၁၃ တွင်းန်ဘရွတ်ခ်၊ မေရီလင်းန်ဒ် ၁၂း၁၂ နာရီ