မျက်ရည်ပေါက်ပေါက်ကျလုမတတ်မှာ
အသံပလံတွေအားလုံး တိတ်ဆိတ်မှောင်မည်းသွား –
ဘ၀ထဲ သင်းပျံ့ပျံ့ ရနံ့တွေ
လန့်ဖြန့်ဆတ်ခါ လွင့်ပြယ်စဉ်ခဏ
နတ်ကျသလို တုံရင်သွားရတဲ့ ဇာတ်ဝင်ခန်း
မညာပါဘူး
ဖြစ်ခဲ့တယ်၊ တကယ်ဖြစ်ခဲ့တယ်
အချစ်က ရွဲလုံးလား
ငါက ရွဲလုံးလား
ဘယ်သူက ဘယ်သူ့ကို ကစားခဲ့သလဲ။ ။
ခင်အောင်အေး
၂၆၊ မေ၊ ၂၀၁၃ ကွင်းန်စ်၊ နယူးယောက် ၁၀း၁၀ နာရီ