အတွေးနဲ့တောင် မဆံ့အောင်ကျယ်တဲ့
လောကဓံများ၊
တောင်ပေါ်ကိုခဏဆိုပြီး
ထင်းခုတ်ဓါးမလေးတစ်ချောင်းနဲ့
မီးခိုးတွေကဘာကိုမှ
ပြန်ပြောမပြကြဘူး
အရှိုးရာထင်မကျန်ရစ်အောင် နှက်လိုက်တဲ့ ရိုက်ချက်
ဒါပေမယ့် အရှိုးရာဟာ နှလုံးသားပေါ် ထင်းထင်းကြီး
တောင်တွေရဲ့အခြားတစ်ဖက်မှာ
ကိုယ်ဟာစိတ်နဲ့တောင် ခြေချဖို့ အဆင်သင့်မဖြစ်ခဲ့ဘူးလေ
ငယ်ငယ်တုန်းကသင်ခဲ့ရတဲ့ ပထ၀ီ သင်္ခန်းစာနဲ့တင်
ရေ၊ လေ၊ မြေ၊ မီးဓါတ်ကြီးလေးပါးကိုသိပြီထင်ခဲ့မိတယ်
လှည့်စားမှုဟာပိရိလွန်းတော့ ချုပ်ရာ၊ သီရာကိုမမြင်ရဘူး
မိုးမှောင်မည်းရိပ်ဟာအဲဒီတောင်တန်းတွေပေါ်ကပဲကျော်ဆင်းလာခဲ့တာ။ ။
ခင်အောင်အေး
၂၇ ဧပြီ ၂၀၁၃ ဖရာ့ပရာဒင်န်၊ ဘန်ကောက် ၂၂း၀၁ နာရီ