၁ နာရီလောက်ကြာသွားတဲ့အခါ
နှစ်ပေါင်း အတော်ကြာကြာနဲ့ အတူတူပဲ
ထပ်ကာထပ်ကာ ပတ်ပတ်သက်သက်တွေ
အပေါစား ဟင်းလျာများနဲ့ချည့် ဧည့်ခံခဲ့တာ
ရေးပြီးသား စာသားတချို့ထဲ ပိုးမွှားကင်းစင်မှု
ဆိုင်းဘုတ်ဆန်ဆန် ထိုးထောင်ထွက်နေတဲ့ လက်မောင်း
function key ကို နှိပ်လိုက်ပါ သံကြိုးကြိုရိုက်လိုက်ပါ တဲ့
မဆုံးနိုင်တဲ့ နောင်တ တရား လှပ်လှပ်ကလေးများ
ရေပေါ်မှာ အရုပ်ရေးမိတယ်
ဒါနဲ့ပဲ နောက်ထပ်တဘ၀ ကုန်ဆုံးရပြန်တော့မယ်။ ။
ခင်အောင်အေး
၁၆၊ နိုဝင်ဘာ၊ ၂၀၁၁ ဖရပရာဒင်န်၊ ဘန်ကောက် ၁၇း၁၈ နာရီ