ပျောက်နေတဲ့
အမြိတ်ဖွားကလေးကို
ဘယ်နားမှာမှ ရှာမတွေ့ဘူး။
ကုန်းထိပ်ပေါ်မှာ
နေ၀င်ချိန်ကို ကုလားထိုင်ကလေး
ရွှေ့ရွှေ့ပြီး ကြည့်နေရပေါ့။
ဥသြငှက်ကလေးတွန်သံက
ခြံစည်းရိုးပေါ်က သပွတ်နွယ်ကလေးကို
အညွန့်ကလေး ထောင်ထ လာအောင်ဆွဲဆောင်လိုက်တယ်။
တဟုန်းဟုန်းလောင်နေတဲ့ စိတ်တွေကို
ဘယ်သီချင်းတွေထိုးကျွေးလိုက်ရမလဲ
ရေဒီယိုရဲ့အသံဟာ အက်ကွဲလိုက်လာနေချေပေါ့။ ။
ခင်အောင်အေး
၅ မတ်ခ်ျ ၂၀၁၃ စင်္ကာပူ ၁၆း၁၄ နာရီ