ရေနွေးငွေ့နဲ့ ခုတ်မောင်းတဲ့ ရထားလို
တရှူးရှဲရှဲဖြစ်နေခဲ့ရ၊ တောင်ယာတွေဆီက
မီးခိုးငွေ့တစ်လူလူနဲ့ ထပ်တူ ရင်ထဲက မီးဖိုက
မငြိမ်းနိုင်ဘူး အပူဓါတ်ကို လိုလည်း လိုအပ်..
ဒါပေမယ့် ပူတဲ့ ဝေဒနာကိုလည်း မဖြတ်သန်းချင်ဘူး၊
အဲဒီမှာ –
ကောင်းကင်ကို ဘာမှ အရေးတကြီး လုပ်စရာ
မရှိသူလို ခပ်လေးလေး ခပ်ငင်ငင် မော့ကြည့်ဖြစ်တယ်
ပြာနေတဲ့ မိုးသားများထဲ ကိုယ်ရေးချင်တဲ့စာသားအတိုင်း
တိမ်တွေ ပျာပျာသလဲ သရုပ်ဖော်နေကြပုံ။ ။
ခင်အောင်အေး
၁၆၊ မတ်ခ်ျ၊ ၂၀၁၃ ဖရာ့ပရာဒင်န်၊ ဘန်ကောက် ၂၂း၁၄ နာရီ