မိုးရေတစ်စက်တစ်ပေါက်မျှမမြင်ရပဲ
မိုးသံတွေ တစ်ဝေါဝေါ
လှေကားရင်းမှာ
လျှပ်စီးဖွေးလက်ကြောင့်
လက်ရမ်းတိုင်တွေရဲ့အရိပ်မည်းမည်းပြတ်ပြတ်
နွေခေါင်ခေါင်ပါပဲ
မိုးသားတိမ်လိပ်နဲ့တူတာ
ရိုးတိုးရိပ်တိပ်ကလေးတောင်မမြင်ရ
နိမိတ်ပုံတွေဟာ
သံဇကာကွက်ကြားထဲက
ယိုကျလာတဲ့ နှစ်ချို့သစ်သီးတွေလား
မပြောမဆိုနဲ့
သက်တံ့ဟာ ကွေးကောက်သွားခဲ့ပြီ။ ။
ခင်အောင်အေး
၎၊ မတ်ခ်ျ၊ ၂၀၁၃ စင်္ကာပူ ၁၁း၂၇ နာရီ