ညှို့ငင်နေတဲ့ ကပ်ကြေးတစ်လက်ဟာ
လျှို့ဝှက်လွန်းလှတယ်
ကြယ်တွေ ပြေးသွားတဲ့ ဖက်ဆီကို
ခင်ဗျားတို့ မနားတမ်း လိုက်မလို့လား
ဒီမယ်… ကျုပ်/ကျွန်ပ်/ငါ/ကျနော် ပြောမယ်
အလက်ခ်စစ် ထို့ကဗီးလ်* ဆိုတဲ့ကောင်နဲ့ သိပ်အရောတ၀င် မနေမိစေနဲ့
ထိုအတောအတွင်း ဝေဒနာရှုအခါတော်နေ့သို့ရောက်လာပါသည်
‘ရဲဘော်…ရဲဘော်ဟာ ဓါတ်ပုံရိုက်သင့်တဲ့အရာကို ရိုက်နေတာမဟုတ်ဘူး’
ပြိုကျလာနေတဲ့ နှလုံးသားရေးရာ မလွှဲမရှောင်သာမှုများ
ပုဏ္ဏရိပ်တန်းရဲ့ တိမ်းမူးဖွယ် ဝေ့၀ဲအဆုံးသတ်သွားခြင်း
အရိပ်မှာ အမှန်တရားမရှိဘူး ဆိုတဲ့
ကုပ်ကပ်တွယ်ဖက်ထားရတဲ့ အသိကလေး တစ်လုံး
လျှောထိုးတံခါးတွေနဲ့ ဆင်ထားတဲ့ ထောင်ချောက်ထဲ
အချစ် လို့ထင်မိတဲ့ အရောင်မှားတွေ သက်ဆင်းကြွေကျခဲ့
နောက်တစ်ခါ ပြန်ဆုံကြမယ်လို့ ပြောလာရင်
ပေးရမယ့် ဆင်ခြေက ဒီကနေ့ ကောင်းကင်ကြီးပြာလွန်းလို့ လို့။ ။
ခင်အောင်အေး
၆၊ ဇူလိုင်၊ ၂၀၁၂ ဖရာ့ပရာဒင်၊ ဘန်ကောက် ၂၁း၄၀ နာရီ
* Alexis Toqueville