ဖြတ်ပစ်မယ့်လက်ကို
ပြီးရင် ပြန်ဆက်ချင်စိတ်ပေါက်မယ့်တူတူ
ဒီအတိုင်းပဲ ငုတ်တုတ်ထိုင်ကြည့်နေလိုက်တော့တယ်
East Coast မှာ ငါးမျှားတံတစ်ချောင်း
ပင်လယ်ကူးသင်္ဘောတွေဆီ မြားလို
သီချင်းဟာ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ
လမ်းညွှန်ချက်သင်္ကေတတွေ ၀ါ၊ စိမ်း၊ နီ မီးပွိုင့်တွေနဲ့
အကွေ့တွေမှာ ကျွီကနဲ ‘ဒဿနဘရိတ်သံ’ တွေကို ခုခံရင်း
ရပ်ကွက်တွေ၊ မြို့နယ်တွေ အဝေးမြို့ကြီးတွေဆီ တဟုန်ထိုး
ပြန်မရတော့တဲ့ လက်ဖ၀ါးပေါ်က အရေးကြောင်းများ
ခု ခုတ်မောင်းနေတဲ့ အာရုံကြောဟာ 340.29 m/s နှုန်းနဲ့ တဆတ်ဆတ်တုံ
ရောက်ရမယ့်နေရာမှာ ပရန်းညား ငါးတွေ ရောက်နှင့်နေပြီ
ဆူညံနေတဲ့ သစ်တော်သီးတွေ တ၀ုန်းဝုန်းရေတံခွန်ထဲပြုတ်ပြုတ်ကျ
‘ဒုက္ခပါပဲ’ ခင်ဗျားလည်း ခင်ဗျားရဲ့ Mobile Application ထဲ နစ်မြုပ်
မှိုတွေဟာ နေရာအနှံ့တစ်လျှောက်လုံး သူတို့ရဲ့ကကွက်တွေကို ဖြန်ကြက်လိုက်ကြတယ်
လေထဲမှာ မြောက်နေတဲ့ အသားခုတ်ဓါး
နေရောင်အောက်မှာ လက်ကနဲ..။ ။
ခင်အောင်အေး
၁၉ ဖေဖော်ဝါရီ ၂၀၁၃ ပါဆာရစ်(စ်) စင်္ကာပူ ၁၃း၅၃ နာရီ