ကော်ဖီပူပူရဲ့အငွေ့တွေ
မျက်မှန်မှာလာရိုက်စဉ်ခဏ
‘နှင်းတွေနဲ့လွဲခဲ့တယ်’
‘နှင်းတွေနဲ့လွဲခဲ့တယ်’
ပြူတင်းမှန်မှာသီးမှုန်နေတဲ့
ရေငွေ့တွေကိုစိုက်ငေးကြည့်နေခဲ့
တစ်ဘ၀လုံးအပေါ်မှာ
တအိအိပိကျနေခဲ့တဲ့ ဆောင်းရက်များ
င့ါကိုယ်ငါ မနာလိုမိလောက်အောင်
စိတ်ကို အေးခဲနိုင်ခဲ့ပုံပေါ့ ။ ။
ခင်အောင်အေး
၁၀၊ ဖေဖော်ဝါရီ၊ ၂၀၁၃ ပါဆာရစ်(စ်)၊ စင်္ကာပူ ၀၄း၀၅ နာရီ