ငှက်ကလေးအကြောင်း
ပြောနေရင်း
ကိုယ့်အကြောင်း
ကိုယ်တွေးမိ
ကိုယ့်မှာ ပြုံးစိစိ
နောက်ပြီး
ငှက်ကလေးနဲ့တူတာ
ကိုယ်တစ်ယောက်ထဲမှမဟုတ်တာ
လောကကြီးထဲ
ငှက်ကလေးလို
ကိုယ့်လို
လူတွေ အများကြီး
အများကြီးမှ
အများကြီးပဲ။ ။
ခင်အောင်အေး
၁၇၊ ဒီဇင်ဘာ၊ ၂၀၁၂ ချေလ်တန်ဂရို့ဗ်၊ လန်ဒန် ၁၃း၀၉ နာရီ