ယုတ်မာမှုကလွဲပြီး ဘယ်လိုမှ ဗုဒ္ဓံသရဏံပန်းပင်များ ဦးခေါင်းတစ်လုံးရဲ့
ယုတ္တိယုတ္တာ လက်ပတ်အနီ မွှေးမွှေးကြိုင်ကြိုင် ကျယ်ပြန့်သော တောအုပ်
ငါ ပြုတ်ကျသွားပြီ ခင်ဗျားပြုတ်ကျသွားပြီ ပြည်သူလူထုကြီး တစ်ရပ်လုံးလဲ
ပြုတ်ကျသွားပြီ ‘ရော့ မင်းတစ်ထုပ် ငါ တစ်ထုပ် စားကြရအောင်..’ ငိုပြတာ
တစ်ခုပဲ သူ့ကို စိတ်ပျက်တာ ငရုတ်သီးတွေကို ရေးဆေးပြီး သေးသေးလေး
ဖြစ်အောင် လှီးလိုက်တယ် ရေးထားတဲ့ ကြေးနန်းစာ လက်ပတ်အနီ ဟိုရှီနိုက
ဧည့်ကြိုကောင်တာကိုသွားပြီး Text ဟူ၍ ပြောင်းလည်းကာ သုံးစွဲလိုက်ခြင်း
‘ မျက်နှာဖုံးအခန်းကို ဖြုတ်ပစ်’
‘ မျက်နှာဖုံးအခန်းကို ဖြုတ်ပစ်’
‘ မျက်နှာဖုံးအခန်းကို ဖြုတ်ပစ်’
မျက်နှာဖုံးအခန်းကို ဖြုတ်ပစ်ပြီးရင် ဘယ်အခန်းကို ဆက်ဖြုတ်ရမလဲ သပိတ်
ဖြိုခွင်းမှု နဲ့ ဥရောပ သမဂ္ဂ ဟိုတယ်နှင့် အစားအသောက်ထုတ်လုပ်သူများ
လက်ပတ်အနီ စိုးရိမ်သောက ရောက် အမြစ်တစ်ခုခုတွင် အခြေခံထား ဆန်ပြုတ်
သင်ဘာဖြစ်နေပါသလဲ (ကွက်ရှင်မာ့ခ် အကြီးကြီးပြ) ရပြီ ရပြီ ဒီအခန်း တော်ပြီ
သိမ်မွေ့မှုကို တိမ်တွေနဲ့ ဒွေးရောယှက်တင် မပြောနဲ့ ကော်ဖီသောက်ပြီးတိုင်း
စီးကရက် မီးခိုးငွေ့ ငါ့ကို ခွေးကိုက်လွှတ်လိုက်တယ် လက်ပတ်အနီ သင်္ဘောရဲ့
ကိုယ်ထည် တေးဂီတအဖွဲ့အနွဲ့နှင့် စင်တင်ပြဇာတ်များ (ပြဇာတ်ရဲ့အမည်က
ဒီမိုကရေစီ မီးတုတ် တဲ့) တကယ့်အခြေအနေကို ပြောတာပါ ရုပ်ရှင်ရိုက်တာ
ခဏရပ်လိုက်တယ် အညိုရောင်မျက်နှာဆီက အနီရောင်လက်ပတ်ထွက်လာ
တယ် ကျောင်းသားထုကို ၀န်းရံကြ ၁၉၇၄ ခုနှစ်လောက်က ရေးခဲ့တဲ့ ဆားရှိ
နွားရ လက်ခံတာမျိုး နှစ်လမ်းပဲရှိတယ် ထီးထီးကျန်ကျန်ကွေကွင်းမှု သရုပ်
‘ မျက်နှာဖုံးအခန်းကို ဖြုတ်ပစ်’
‘ မျက်နှာဖုံးအခန်းကို ဖြုတ်ပစ်’
‘ မျက်နှာဖုံးအခန်းကို ဖြုတ်ပစ်’
နောက်ဆက်တွဲ ရောဂါများကို သတိပြုရန် ဆရာဝန်များက သတိပေး
ယုတ္တိယုတ္တာ လက်ပတ်အနီ မွှေးမွှေးကြိုင်ကြိုင် ကျယ်ပြန့်သော တောအုပ်
လက်ပတ်အနီ စိုးရိမ်သောကရောက် အမြစ်တစ်ခုခုတွင် အခြေခံထား ဆန်ပြုတ်
ဖြစ်အောင် လှီးလိုက်တယ် ရေးထားတဲ့ ကြေးနန်းစာ လက်ပတ်အနီ ဟိုရှီနိုက
ခဏရပ်လိုက်တယ် အညိုရောင်မျက်နှာဆီက အနီရောင်လက်ပတ်ထွက်လာ
စီးကရက် မီးခိုးငွေ့ ငါ့ကို ခွေးကိုက်လွှတ်လိုက်တယ် လက်ပတ်အနီ သင်္ဘောရဲ့
‘ မျက်နှာဖုံးအခန်းကို ဖြုတ်ပစ်’
‘ မျက်နှာဖုံးအခန်းကို ဖြုတ်ပစ်’
‘ မျက်နှာဖုံးအခန်းကို ဖြုတ်ပစ်’
မျက်နှာဖုံးအခန်းကို ဖြုတ်ပစ်လိုက်ပြီးရင် ဘယ်အခန်းကို ဆက်ဖြုတ်ရမလဲ။ ။
၁၁ မတ်ခ်ျ ၂၀၁၅ ကျောက်မြောင်း ရန်ကုန် ၂၁း၄၉ နာရီ